Saturday, June 21, 2014

ဘယ်သူနဲ့ နှိုင်းယှဉ်မလဲ




ဘယ်သူနဲ့ နှိုင်းယှဉ်မလဲ
ဘီလ်ဂိတ်ပြောတဲ့ စကားတစ်ခွန်းပါ။
"သင့်ကိုယ်သင့် ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေနဲ့ လိုက်မနှိုင်းယှဉ်ပါနဲ့။ လိုက်နှိုင်းနေပြီ ဆိုရင်တော့ အဲဒါ မိမိကိုယ်ကို စော်ကားနေခြင်း ဖြစ်ပါတယ်။"
သင်ခန်းစာ -
ဟုတ်ပါတယ်။ လူတွေဟာ လောဘ၊ မာန စေတသိတ် တရား အခြေခံ လို့ မိမိကိုယ်ကို တစ်ပါးသူနဲ့ လိုက်နှိုင်းနေကြပါတယ်။ ငါသူ့ထက် တော်တယ်။ ငါ သူ့ထက်လှတယ်။ သူ င့ါထက်တော်တယ်။ သူတို့ ငါ့ထပ်ချမ်းသာတယ်။ ငါကျတော့ ဆင်းရဲတယ် အစရှိသဖြင့် လောဘ၊ ဒေါသ စိတ်တွေသာ တစ်ဆင့် ပြီးတစ်ဆင့် မွေးမြူနေမိကြခြင်း ဖြစ်ပါတယ်။
မိမိလုပ်တဲ့ အလုပ်နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး အကောင်းဆုံး ကြိုးစား နေသူ တစ်ယောက်က အမြဲ အောင်နိုင်နေခြင်း ဖြစ်ပါတယ်။
.
အောင်ခမ်း ( ရိုးရာလေး )



No comments:

Post a Comment