Wednesday, April 30, 2014

ကော်ဖီပုံမှန်သောက်ခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ပါးစေနိုင်

နေ့စဉ်ပုံမှန် ကော်ဖီသောက်ခြင်းကို အတန်အသင့်မှ အများအပြားသို့ မြှင့်တင်လိုက်သည့်အခါ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ကော်ဖီပုံမှန်သောက်ခြင်းသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သင့်တင့်မျှတသည့် ပမာဏမျှ ကြီးကြီးမားမား ဖြစ်နိုင်ခြေမျိုးထိ လျှော့ချနိုင်သော ကောင်းကျိုးရှိကြောင်း သိရှိရသည်။ အမေရိကန်မှ သုတေသီများက ကော်ဖီကြိုက်နှစ်သက်သူများအတွက် ကျေနပ်နှစ်သိမ့်စရာ သတင်းကောင်းကို ကြေညာခဲ့ခြင်း ဖြစ်သည်။ နေ့စဉ်ပုံမှန် ကော်ဖီသောက်ခြင်းကို အတန်အသင့်မှ အများအပြားသို့ မြှင့်တင်လိုက်သည့်အခါ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်နည်းပါးသွားနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

လူပေါင်း (၁၂၀၀၀၀)၏ နေ့စဉ် ပုံမှန်နေထိုင်စားသောက်မှု ဓလေ့စရိုက်များကို ဆက်စပ်ပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အနည်းအများကို ခြေရာခံ လေ့လာခဲ့ရာ ယခုရလဒ်ကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ပညာရှင်များ၏ အဆိုအရ တစ်နေ့လျှင် ကော်ဖီတစ်ခွက်ခွဲစာမျှ ပုံမှန်သောက်သုံးသူသည် (၄)နှစ်မျှ အကြာတွင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ (၁၁)ရာခိုင်နှုန်းထိ လျော့နည်း ကျဆင်းသွားကြောင်း သိရှိရသည်။ အဆိုပါ သက်ရောက်မှုသည် Type 2 ဆီးချိုအမျိုးအစားအတွက် ဖြစ်သည်။ အဆိုပါ သုတေသန အဖွဲ့က Diabetologia ဆေးပညာ ဂျာနယ်တွင် ယင်းအချက်အလက်များကို ဖော်ပြခဲ့ပြီး “တကယ်လို့ တစ်နေ့ကို ကော်ဖီနှစ်ခွက်လောက် ပုံမှန်သောက်ခဲ့မယ် ဆိုရင်တော့ ရေရှည်မှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို (၁၈)ရာခိုင်နှုန်းလောက်ထိ လျှော့ချနိုင်ပါလိမ့်မယ်”ဟု ထောက်ခံခဲ့သည်။

“ကော်ဖီ သောက်သုံးမှု အလေ့အထကို ပြောင်းလဲလိုက်တဲ့အခါ ဆီးချိုဖြစ်နိုင်ခြေအပေါ် သက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာ အတည်ပြု ရှာဖွေတွေ့ရှိခဲ့ပါတယ်”ဟု ယခုစစ်တမ်းတွင် ပါဝင်လေ့လာသည့် ဟားဗက်ဆေးကျောင်းမှ သုတေသီ ရှီလ်ပါ ဘူပါသီရာဂျူက ပြောကြားခဲ့သည်။ သို့သော်လည်း ယင်းသို့သော ကောင်းကျိုးသက်ရောက်မှုမျိုးသည် ကာလရှည်ကြာ ကော်ဖီစွဲသောက်ခဲ့သူများတွင်သာ ပိုမိုထင်ရှား ပေါ်လွင်နေကြောင်းလည်း ပညာရှင်များက ယုံကြည်ထားသည်။ တစ်နေ့လျှင် ကော်ဖီ(၃)ခွက်အထက် သောက်သုံးသူများမှာမူ ဆီးချိုဖြစ်နိုင်ခြေကို အမြင့်ဆုံး လျှော့ချနိုင်ပြီး Type 2ဆီးချိုရောဂါ စွဲကပ်နိုင်မည့် အလားအလာ (၃၇)ရာခိုင်နှုန်းထိ ကျဆင်းသွားကြောင်း သိရှိရသည်။

Myawady News

credit to http://www.myanmarnewsnow.org/2014/04/blog-post_4295.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+myanmarnewsnow%2FLNje+%28Myanmar+News+Now%29

ကွန်ပျူတာ နည်းပညာ စာအုပ်များ

ကွန်ပျူတာ နည်းပညာ စာအုပ်များ.... 

credit to http://www.lubo601.com/2014/04/blog-post_3572.html

ကွန်ပျူတာ နည်းပညာ စာအုပ်များ....

၁။ Google အင်တာနက်မှ ရှာဖွေနည်းများ - မျိုးသူရ
http://www.mediafire.com/?5q7edy237ql83r3

၂။ Using Facebook - ဇော်လင်း
http://www.mediafire.com/?t3lkb748l37u6ix

၃။ အင်တာနက် Website လမ်းညွှန်နှင့် Facebook အသုံးပြုနည်း - သူရအောင်
http://www.mediafire.com/?t3lkb748l37u6ix

၎။ Peachtree Accounting (Computer Accounting Software) - ဝေဖြိုးအောင်( NATOGYI)
http://www.mediafire.com/?971rnbyc0yqabn9

၅။ Learning Auto CAD 2010 -1 - အောင်ဇော်လတ်
http://www.mediafire.com/?bu4d7ir727cjr2f

၆။ Learning Auto CAD 2010 -2 - အောင်ဇော်လတ်
http://www.mediafire.com/?3g3b5i5n7pc63rz

၇။ Microsoft Access 2010 ဖြင့် Database Program ရေးဆွဲခြင်း - ကိုမြန်မာ
http://www.mediafire.com/?2mg0d9grp5mdlq8

၈။ Turbo C Programming အခြေခံ
http://www.mediafire.com/?d5dkaqabsks49q1

၉။ Photoshop Cs Tools - Tool များရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက် .......... မျိုးဆက်(Mr.Photo)
http://www.mediafire.com/?gr2a8kfru6bftxa

၁၀။ ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ .... ဇော်လင်း
http://www.mediafire.com/?3h272467mi3zr0n

၁၁။ Learning Guide for 3D Sudio Max(ပတွဲ) စတင်လေ့လာသူတွေအတွက် - နေဇော်ဝင်းမောင်
http://www.mediafire.com/?79sfna6banp39fx

၁၂။ Learning Web Design .. Web Design လက်တွေသင်ခန်းစာများ - ဦးသောင်းဝင်း(ပန်းချယ်ရီ)
http://www.mediafire.com/?frrp8hcj1p9fyi2

၁၃။ Windows 8 ကိုလေ့လာခြင်း - သရ(ICT)
http://www.mediafire.com/?vl34in6ho2knctm

၁၄။ Basic Networking - ကိုနေ
http://www.mediafire.com/?cz7xgj05h7u6yxm

၁၅။
Joomla! အခမဲ့ဝက်ဘ်ဆိုက် ရေးနည်း တင်နည်း - ကောင်းမြတ်ထွဋ် ၊ တင်ဦး
http://www.mediafire.com/?0jq1g5y93dyaqlq

၁၆။ အခြေခံဒီဇိုင်းနှင့် ဂရပ်ဖစ် အနုပညာ - ဆန်နီညိမ်း
http://www.mediafire.com/?jc5g94m3quemei7

၁၇။ ကွန်ပျူတာ စာရင်းကိုင်မိတ်ဆက် -
http://www.mediafire.com/?q97go4ju5jvj3cr

၁၈။ ကွန်ပျူတာ အထက်တန်း အတွဲ ၁ - ဦးဇော်လင်း(youth)
http://www.mediafire.com/?fzcqds18le8zzah

၁၉။ လွယ်ကူလေ့လာ အခြေခံကွန်ပျူတာ - မျိုးသူရ
http://www.mediafire.com/download/0s4iifp3vf9ssne

၂၀။ အခမဲ့ဝက်ဆိုဒ်ရေးတင်နည်း - မျိုးသူရ
http://www.mediafire.com/download/ct4ye9l7e8t67pe

၂၁။ အဆင့်မြင့် အင်တာနက်အသုံးပြုနည်း - မျိုးသူရ
http://www.mediafire.com/download/822nkqadugbee7o

၂၂။ ကွန်ယက်ချိတ်ဆက်နည်း - မျိုးသူရ
http://www.mediafire.com/download/7od5hj8q1csimdb

၂၃။ PHP Guide Book - မိုးမြင့်ရှိန်း
http://www.mediafire.com/download/tjof5j4lf44vn0v

၂၄။ Window XP & Window 7 Installation User Guide - မိုးထက်မြင့်
http://www.mediafire.com/download/bwwb5zhgt4rrcg6

အိုင်းစတိုင်းက ဒီလိုပြောတယ်

အိုင်းစတိုင်းက ဒီလိုပြောတယ်

ပို့စ်တင်ချိန် - 4/29/2014 04:27:00 PM
(၁) အမြဲတန်း သိချင်စိတ်ကို ပြင်းပြင်နေပါစေ
(၂) ဘယ်အရာကိုမှ မိမိနှင့် မဆိုင်သလို မနေပါနဲ့
(၃) ရောက်ရာနေရာမှာ အာရုံစူးစိုက်ပါ
(၄) မှားနေတဲ့ အတွေးအခေါ် အယူအဆတွေကို ပြင်လိုက်ပါ
(၅) အချိန်ကို တန်ဖိုးရှိအောင် အသုံးချပါ

(၆) အသိပညာ ဗဟုသုတတွေကို ကြွယ်ဝအောင်ကြိုးစားပါ
(၇) မိမိကိုယ်ကိုယ် စည်းကမ်းတကျ ကောင်းမွန်အောင် နေထိုင်လိုက်ပါ
(၈) သူတစ်ပါး စကားပြောနေတဲ့ အချိန်မှာ နားထောင်ပါ။ စကားကို လုမပြောပါနဲ့။
(၉) ဘဝဟာ တိုတိုလေးမို့ အရာရာကို အကောင်းဘက်မှ မြင်နိုင်အောင် ကြိုးစားပါ
(၁၀) မဆုတ်မနစ်သော အပတ်တကုတ်ကြိုးစားသော လုံ့လ ဝီရိယ ရှိဖို့တော့ လိုတယ်
ကျော်လင်းနိုင် (ရိုးရာလေး)
http://www.ygnnews.com/2014/04/blog-post_9038.html